ဧရာဝတီတိုင်းက တောင်သူတွေကို နေကြာစိုက်ဖို့ စစ်ကောင်စီဖိအားပေး

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(ဧရာဝတီ)၊ စက်တင်ဘာလ ၂၆ ရက်

အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်အကြာမှာပဲ ဧရာဝတီတိုင်းအတွင်းက တောင်သူ တွေကို နေကြာစိုက်ဖို့ ဖိအားပေးစေခိုင်းတာတွေပြုလုပ်လာတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအတွက် အားထာရတဲ့ ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်း ဒေသခံလယ်သမား တွေကို စပါးစိုက်ပျိုးရမယ့်အစား နေကြာစိုက်ပျိုးဖို့အတွက် စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး ဝန်ကြီးဌာနကနေတဆင့် ဖိအားပေးစေခိုင်းလာတာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

“ စိုက်ပျိုးခိုင်းတာတော့ စစ်ကောင်စီတပ်ကဖိအားပေးလုပ်ခိုင်းနေတာပဲ စပါးစိုက်လို့ကောင်းတဲ့ ကုန်းမြင့်ပိုင်းက လယ်တွေမှာ နေကြာနဲ့ ပဲစိုက်ဖို့ မဖြစ်မနေဖိအားပေးနေတာ အစဉ်မပြေဘူး”လို့ ဒေသခံ လယ်သမားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

နွေစပါးအစား ဆီထွက်သီးနှံတွေဖြစ်တဲ့ နေကြာနဲ့ ပဲစိုက်ခိုင်းတာဟာ ဒေသခံတောင်သူတွေလယ်သမားတွေ အတွက် အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ စာသုံးဆီဈေးမှာလည်း ၂ ဆကျော် မြင့်တက်လာတကြောင့် စာသုံးဆီကို ပြည်တွင်းကနေထုတ်လုပ်ဖို့ စစ်ကောင်စီအနေနဲ့ ကြံစည်နေတာဖြစ်နိုင် တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ စက်တင်ဘာလ ဒုတိယပတ်လောက်ကစတင်ကာ စစ်ကောင်စီက ဧရာဝတီတိုင်း ၂၆ မြို့နယ်အတွင်းက ဒေသခံတောင်သူလယ်သမားတွေကို နေကြာနဲ့ ပဲစိုက်ဖို့အတွက် ဖိအားပေးစေခိုင်းတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။