“သံဃာထုက ရွှေဝါရောင်တော်လှန်ရေးတုန်းကလို ပြည်သူဘက်က ဘာလို့မရပ်တည်တာလဲ”

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ သံဃာတော်ပေါင်းသိန်းနှင့်ချီ၍ ပြည်သူလူထု အတွက် လမ်းပေါ်ထွက်ကာ အာဏာသိမ်း နအဖစစ်ကောင်စီကို ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ကမ္ဘာသိထင်ရှားခဲ့သော အဆိုပါ ရွှေဝါရောင်တော်လှန်ရေးသည် လက်ရှိ ၂၀၂၂ ခုနှစ်တွင် ၁၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံရှိ သံဃာထု၏ပြောင်းလဲမှု၊ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာခေါင်းဆောင်များအပေါ် ကမ္ဘာကြီး၏အမြင် စသည့်အကြောင်းအရာများကို ရွှေဝါရောင် တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးထာဝရအား ဧရာဝတီတိုင်းသတင်းဌာန

အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က ဆက်သွယ်မေးမြန်းထားပါသည်။

#ဦးထာဝရ #ရွှေဝါရောင်တော်လှန်ရေး #၁၅နှစ်ပြည့် #ဗုဒ္ဓဘာသာ #Ayeyarwaddy_Times