သန်လျင် အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က အပြင်မထွက်ခိုင်းဘဲ တစ်အိမ်တက်တစ်အိမ်ဆင်း ပိတ်ဆို့စစ်ဆေးနေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ် ကွက်ကို ဒီကနေ့မနက် ၇ နာရီဝန်းကျင်ကစလို့ လမ်းတွေကိုပိတ်ဆို့ပြီး တအိမ်ချင်းစစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောင်ချမ်းသာရပ်ကွက်ဟာ သန်လျင်မြို့ပေါ်ရပ်ကွက်တွေထဲက ကြီးမားတဲ့ရပ်ကွက်တခုဖြစ်ပြီး လမ်းပေါင်း ၃၀ ရှိကာ စစ်ကောင်စီတပ်က လမ်းတစ်လမ်းချင်းက အိမ်တွေကို တစ်အိမ်တက်ဆင်းစစ်ဆေးကာ လက်ရှိအချိန်ထိစစ်ဆေးနေတုန်းဖြစ်တယ်လို့သိရပါတယ်။

ရပ်ကွက်ထဲကလူတွေကို ရပ်ကွက်ပြင်ပကိုလုံးမထွက်ခိုင်းဘဲပိတ်ဆို့စစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။

” မနက် ၇ နာရီလောက်ထဲကစ စစ်နေတာ၊ ခါတိုင်းစစ်သလိုမဟုတ်ဘူး၊ တလမ်းချင်းတအိမ်ချင်းလိုက်စစ်တာ။ လမ်းတွေကိုလည်းပိတ်ဆို့ပြီးစစ်တာ၊ ရပ်ကွက်ထဲကလူတွေကိုဘသူမှအပြင်မထွက်ခိုင်းဘူး။ အလုပ်သွားမယ့်သူတွေလည်းမသွားခိုင်းဘူး၊ ​သန်းခေါင်စာရင်း၊ဖုန်းအကုန်ယူစစ်တယ်။ ကြားတာက သူတို့သတင်းရလို့ဆိုပြီး ထောင်ဖောက်ပြေးတဲ့သူဆိုလညး၊

လက်နက်တွေနဲ့လာပြီးခိုနေတဲ့သူဆိုလားအဲ့လိုမျိုးရှာတာလို့သိရတယ်၊ ခုထိမပြီးသေးဘူးစစ်နေတုန်း” လို့ ရပ်ကွက်နေသူအမျိုး သမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သန်လျင်မြိုဟာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးမှုကြမ်းတမ်းတဲ့မြို့ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ဆိုင်ကယ်မစီးနင်းဖို့ပိတ်ပင်ထားတဲ့မြို့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သန်လျင် ၆ လမ်းသွားလမ်းမရဲကင်းဗုံးခွဲတိုက်ခိုက်ခံရလို့ ယာဥ်ထိန်းရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ – ပေးပို့

#Ayeyarwaddy_Times