မြဝတီမြို့နယ်တွင် တောင်းကုန်ပေါ်တက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ် စနိုက်ပါနဲ့အပစ်ခံရပြီး ၂ ဦးသေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က တောင်နီးကျေးရွာအနီးက တောင်ကုန်းပေါ် တက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့အပစ်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ကော်ဘရာတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ခရမ ၁၀၄ က ကော်ဘရာစစ်ကြောင်းအပါဝင် ပူးပေါင်းတပ်တွေနဲ့ နေ့လည်ပိုင်းမှာတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး တောင်ကုန်းပေါ်တက်အခြေပြုဖို့ ကြိုးစားချိန်မှာ လက်ဖြောင့်စစ်သည်တွေရဲ့ ပစ်ခတ်မှု ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တောင်ကုန်းပေါ်တက်ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးခဲ့ပေမယ့် ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်က သဲဖြူချောင်းအနီး ဂိတ်နားမှာလည်း စစ်ကောင်စီတပ်နဲ့ ကော်မဘာ စစ်ကြောင်းထိပ်တိုက်တွေ့ပြီး စစ်ကောင်စီဘက်က အထိနာလို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက KNLA နယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီ တပ်ဘက်က မကြာခဏဆိုသလို ကျူးကျော်လေ့ရှိပြီး တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ စစ်ကောင်စီတပ်ဘက်က အသေဆုံးများပြားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။