ကုလလုံခြုံရေးကောင်စီက မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်တဲ့ အရေးယူမှုမပြုလုပ်တာကို မလေးရှားဝန်ကြီးချုပ် မေးခွန်းထုတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံရဲ့ အခြေအနေကို ကုစားပေးမယ့် ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်ဆောင်ခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံက ဗီတိုအာဏာကို မကြာခဏဆိုသလို အလွဲသုံးစားလုပ်တာကြောင့် ပဋိပက္ခတွေဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ မလေး ရှားဝန်ကြီးချုပ်

အစ္စမေးဆာဘရီယာကော့ဗ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ စစ်ကောင်စီနဲ့ ပြုလုပ်ခဲ့တဲ့ ဘုံသဘောတူ ညီချက်ကို အာဏာသိမ်းစစ်အုပ်စုက အကောင်အထည်မဖော်နိုင်တာကြောင့် အာဆီယံအဖွဲ့က ဖျက်ပစ်ရမယ်လို့ သူက ဆိုပါတယ်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားတဲ့ ၂၂ မိနစ်ကြာ မိန့်ခွန်းတစ်ခုအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ “အကြီးမားဆုံးပြဿနာ” လို့ ဆာဘရီယာကော့ဗ်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုတွေပြုလုပ်မယ်ဆိုရင် အမြဲ တမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ သဘောတူညီချက် လိုအပ်ပါ တယ်။

စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲ တမ်းအဖွဲ့ဝင် တရုတ်နဲ့ရုရှားက ကန့်ကွက်မှာ သေချာပါတယ်။

မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ သိသာတဲ့တိုးတက်မှုမရှိတာကို မလေးရှား နိုင်ငံက စိတ်ပျက်မိပြီး လက်ရှိမှာ ဘုံသဘောတူညီချက်နဲ့ မြန်မာ့အရေးကို မဖြေရှင်းနိုင်တော့ဘူးလို့ ၄င်းက ပြော ပါတယ်။

“အာဆီယံ ဘုံသဘောတူညီချက်က အလုပ်မဖြစ်ဖူးဆိုရင် နောက်ထပ်ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုဝင်ဘာလအထိ မစောင့်နိုင်တော့တာကြောင့် အခုဘဲ ဆွေးနွေးမှု စတင် ကြရအောင်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ ပြောပါတယ်။

ကိုးကား – RFA

Ref; Malaysian PM: Sad to see no serious Security Council action on Myanmar