
ဧရာဝတီတိုင်းမှာ ၃ ရက်အတွင်း ကိုဗစ်လူနာသစ် ၅၀ ကျော်တွေ့ရှိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
ဧရာဝတီတိုင်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာသစ် ၅၂ ဦးတွေ့ရှိ ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့မှာ ၁၅ ဦး၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ၁၄ ဦးနဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ၁၃ ဦး အတည်ပြုလူနာသစ်တွေ့ရှိခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“ ရောဂါပိုးတွေ့နှုန်းပြန်များလာတော့ ပြည်သူတွေကို ကိုယ့်အသိစိတ်နဲ့ ကိုယ့်သတိနဲ့ သွားလာ နေထိုင်စေ ချင်တယ် ဆေးထိုးပြီးလည်း ကူးစက်နိုင်တာမလို့ မပေါ့ဖို့အတွက် သတိပေးချင်ပါတယ်”လို့ CDM ဆရာဝန် တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကိုဗစ်ရောဂါဟာ လာမယ့်ဆောင်းရာသီထိ ဆက်ရှိနေမယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်တင်ဘာလအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၀၀ ကျော်ထိတွေ့ရှိထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။