ကန်ကြီးထောင့်မြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ်တင်သည့် ပို့စ်တွင် Like ၊ Share ၊ Comment ပြုလုပ်တဲ့ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းက ဒေသခံ၂၀ ကျော်ကို ယမန်နေ့စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားတဲ့
NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဥိီး တင်ထားတဲ့ Facebook Postမှာ Like ၊ Share ၊Comment ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့
စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
” မနေ့ညပိုင်းမှာ အိမ်တွေကိုစစ်တပ်နဲ့ရဲ အင်အားအပြည့်နဲ့ လိုက်ဖမ်းတာ။ ကန်ကြီးထောင့်မြို့ပေါ် ရပ်ကွက်တွေရယ်၊ ဒါးကတိုက်နယ်ဘက်ကလူတွေရယ် ၂၀ လောက်ရှိတယ်။ အဓိကကတော့ Facebookမှာ ပုံအမှန်တင်ထားပြီး ခုတော်လှန်ရေးလုပ်နေတဲ့ ကိုယ်စားလှယ် ရေးတဲ့အောက်မှာ Likeတို့ commentရေးတဲ့လူတွေအတိအကျလိုက်ဖမ်းတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ ကျော်ဟာ နိုင်ငံရေးနှင့် တော်လှန် ရေးတွင် ပါဝင်ပက်သက်မှုမရှိသူများမဟုတ်ကြပဲ ကန်ကြီးထောင့်မြို့က စစ်ကောင်စီသတင်းပေး ၂ ဦးဖြစ်တဲ့ သန့်စင်ဦး နဲ့ ရဲဇော်လင်းက တော်လှန်ရေးအင်အားစုများနဲ့ ပတ်သတ်တဲ့လူမှုကွန်ယက် Post များအား Like၊ Share၊ Comment လုပ်သူတွေကိုစာရင်းပြုစုကာ စစ်ကောင်စီထံ သတင်းပေးပြီးဖမ်းဆီးခဲ့တာလို့ ကန်ကြီးထောင့်မြို့နယ်တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
လက်ရှိမှာ အကြောင်းမဲ့ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ ကျော်ကို ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဖမ်းဆီးခံထားရသူများတွင်အသက်ကြီးသူများပါ၀င်နေတာကြောင့်ကျန်းမာရေးအခြေအနေကို သူတို့ရဲ့မိသားစုဝင်များက စိုးရိမ်နေကြပါတယ်။
#ကန်ကြီးထောင့် #NLD #လွှတ်တော်ကိုယ်စားလှယ် #Like #Share #Comment #ဖမ်းဆီး
#Ayeyarwaddy_Times