
ကနီမြို့နယ်တွင် ကနီသပိတ်ကော်မတီဝင် မြန်မာအကပညာရှင် တစ်ဦး နှင့် အကအဖွဲ့ ရဲ့ ကပြဖျော်ဖြေမှုနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင် ၊ကနီမြို့နယ်တွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုများဦးဆောင်ပြီ ကျေးရွာ ၁၆
ရွာစုပေါင်းကာ အင်အားအများအပြားဖြင့် NUG အစိုးရအားထောက်ခံကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်အလိုမရှိကြောင်းကို စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ကနီသပိတ်ကော်မတီဝင် မြန်မာအကပညာရှင် တစ်ဦး နှင့် အကအဖွဲ့ ရဲ့ ကပြဖျော်ဖြေမှုနဲ့ သွေးစည်းညီညွတ်ရေး တေးသီးချင်းများသီဆိုကာ တက်ရောက်လာကြသည့် ပြည်သူများကို စည်းရုံး လှုံ့ဆော်ကာ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
#Ayeyarwaddy_Times