ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေ သကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မုံရွာ) /စက်တင်ဘာလ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများနှင့် ဒေသကာကွယ်ရေးတပ်များအကြာ စက်တင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းတွင်းမြစ်ရိုးတလျှောက် သင်္ဘောဖြင့်တက်လာသည့် စစ်ကောင်စီတပ်နှင့် ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့များဖြင့် စက်တင်ဘာလ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင် ဆက်တိုက် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဒေသခံများမှပြောသည်။
” မြစ်ရိုးတလျှောက် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေ ရိက္ခာ တွေ တင်လာတာ ကုန်းကြောင်းက လည်းစစ်ကြောင်းထိုးနေတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးမှဧရာဝတီတိုင်းမ်သို့ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်မှုများပြုလုပ်နေရပြီး မုံရွာတဘက်ကမ်းရှိကျေးရွာ အနည်းနားတဝိုက် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်လာကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
လက်ရှိ စစ်ကြောင်းများလှုပ်ရှားလာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား စက်တင်ဘာလ ၂၄ ရက်နေ့ ဒီနေ့ရက်စွဲဖြင့် အသိပေးကြေငြာချက်ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။
#AyeyarwaddyTimes