အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂမှတစ်ဆင့် အရေးယူဖို့ ကြိုးပမ်းနေတယ်လို့ ကန်ထိပ်တန်းအရာရှိ ပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၄ ရက်

ကုလသမဂ္ဂမှတစ်ဆင့် မြန်မာစစ်ကောင်စီကို ပိုပြီးဖိအားပေးဖို့ အမေရိကန်နိုင်ငံက ကြိုးပမ်းနေပြီး အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတယ်လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီကို ဖိအားပိုပေးဖို့ လိုအပ်နေပါပြီ” လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်း ပနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ သံတမန်ရေးကို ဦးဆောင်နေသူ နိုင်ငံခြားရေးဝန် ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ခ်ချိုလေးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက ယခုလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁၁ ဦး သေဆုံး ခဲ့ပြီး ဇူလိုင်လကုန်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်တာကို ၄င်းက ထောက်ပြခဲ့ပါ တယ်။

ဒါးရက်ခ်ချိုလေးဟာ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

“မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုပြုလုပ်ရာမှာ တရုတ်နဲ့ရုရှားက လုံခြုံရေးကောင်စီကို ဘယ် လောက်အထိ ဦးဆောင်မလဲဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ပကတိအရှိတရားကို ကျွန်တော်တို့ စဉ်းစားရမယ်” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လမှာပြုလုပ်မယ့် ရွေးကောက်ပွဲက အများလက်ခံနိုင်မှု မရှိဘူးဆိုတာကို အခြားအစိုးရတွေထံ သတင်းစကားပါးခဲ့တယ်လို့ ၄င်းက ဆိုပါတယ်။

“ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဖူးဆိုတာ ကမ္ဘာ့နိုင်ငံတွေရဲ့ အစိုးရတွေကို ကျွန် တော် ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ စစ်ကောင်စီက တိုင်းပြည်ရဲ့ ထက်ဝက်ကျော်ကို မထိန်းချုပ်နိုင်တော့သလို နိုင် ငံရေးအကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ကို သီးသန့်အကျဉ်းချထားပါတယ်”

လို့ သူက ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲက လိမ်လည်မှုတစ်ခုသာဖြစ်လာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အ ခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက မနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းအာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပစ်မှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရပေါက်ဖြစ်တဲ့ MOGE ကို ဒဏ် ခတ်အရေးယူမှု မပြုလုပ်သေးပါဘူး။

ကိုးကား – The Straits Times

Ref; US seeks action, possibly UN resolution, on Myanmar junta