ပုသိမ်တွင် ဆွဲကြိုးလုယက် လူသတ်ခဲ့သူအား သေဒဏ်အမိန့်ချမှတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ရွှေဆွဲကြိုးလုယက်ပြီး လူသတ်ခဲ့သူ အမျိုးသားတဦးကို စက်တင်ဘာလ ၂၃ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၀၂(၁)(ဂ) စတဲ့ပုဒ်မတွေနဲ့ သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံး အသိုင်းဝိုင်းက သိရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နေ အိမ်ဝင်ရောက် ရွှေဆွဲကြိုးလုယက် လူသတ်ခဲ့မှုနဲ့ ပတ် သက်ပြီး ကျူးလွန်သူလို့ ယူဆရသူ အောင်ဇော်ရဲ(ခ) ဇင်ဖြိုးအောင်ကို တရားရုံးက ၁ နှစ် ၉ လကျော်အကြာ မှာအမိန့်ချမှတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

“ အဖွားနေအိမ်ကိုဝင်ပြီးလုပ်သွားတာ အဖွားက ၃ ရက်လောက်ကြာမှဆုံးတာ မနေ့က ခရိုင်တရားရုံးမှာ အမိန့်ချတာလို့ သိရတယ် သူလုပ်ဆောင်မှုအတွက် သူပြန်ပေးရတယ်လို့ပဲ သဘော ထားပါတယ်” လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒေါ်ဌေးဌေး(ခ) ဒေါ်ဌေးကြည်ဟာ နေအိမ်မှာရှိနေချိန် ရွှေဆွဲကြိုးလုယက်ခံရပြီးနောက် ဦးခေါင်းရိုက်နှက်ခံရ တဲ့ ဒဏ်ရာနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ နေအိမ်ပေါ်တက် လုယက်ပြီး လူသတ်ခံရမှု ၃ မှုထိ ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#AyeyarwaddyTimes