
ဧရာဝတီတိုင်းက ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ကို ပထမဆုံးအကြိမ်ရုံးထုတ်
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ စက်တင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်းပြောက်ကျားတပ်ဖွဲ့ဝင်တချို့ကို ဩဂုတ်လ ၃၁ ရက်နေ့ညပိုင်းက အလုံမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့က မအူပင်ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေမှာ ပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦးဖမ်းခံရတာဖြစ်ပြီး အဲ့ဒီအထဲက ၄ ဦးကိုတော့ ရုံးထုတ်စစ်ဆေးခဲ့ပြီး ၁ ဦးကတော့ တိုက်ပေါ်က ခုန်ချလို့ရရှိတဲ့ဒဏ်ရာတွေကြောင့် မအူပင်ဆေးရုံအချုပ်မှာ ဒဏ်ရာတွေကို ဆေးကုသနေရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
“ ရုံးထုတ်တဲ့အချိန်မှာ ၄ ဦးလုံးက ရိုက်နှက်ခံထားရတော့ ကြည့်လိုတောင်မကောင်းဘူး ၁ ယောက်ကတော့ ခုန်ချထဲက ဗိုက်နဲ့ တင်ပါးတွေမှာ ဒဏ်ရရထားလို့ ဆေးရုံအချုပ်မှာနေနေရတယ် သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားတာ”လို့ နီးစပ်သူတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး တော် လှန်ရေးလုပ်ဆောင်ချက်တွေကို ပြောက်ကျားဆောင် ရွက်နေပြီး ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာဖမ်းဆီးခံရသူအားလုံးက အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
မအူပင်၊ ကျိုက်လတ်နဲ့ ဖျာပုံမြို့နယ်တွေကနေ စစ်ကောင် စီတပ်သားတွေ ဖမ်းဆီးတာကို တိမ်းရှောင်ရင် ရန်ကုန် တိုင်းမှာ သွားရောက်တိမ်းရှောင်ချိန်မှာ သူတို့ငှားနေတဲ့တိုက်ခန်းကို ဧည့်စားရင်းစစ်ရင်း ဝင်ရောက် ဖမ်းဆီးတာခံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
ဓာတ်ပုံ – ပြောက်ကျားတပ်ဖွဲ့များကိုဖမ်းဆီးရမိကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှဖော်ပြထားစဥ်။