
ရေးမြို့တွင် YGFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၂၃ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာကြိုးတံတားအနီးဘုန်းကြီးကျောင်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများကို ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက် ၄ နာရီဝန်းကျင်တွင် Ye Guerrilla Force အဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း YGF ထံကသိရသည်။
အဆိုပါ ခလရ ၅၈၈ တပ်ရင်းအနီးရှိ ဘုန်းကြီးကျောင်းတောင်ကုန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးစခန်းကို YGF နှင့် YDF မှ ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ပြီး M-16(A1) တလက်၊ AK(47)၊ ကိုးလုံကျည်(ဂျောက်ဂျက်)နှင့်ငှက်ကြီးတောင်ဓားတစ်လက် သိမ်းဆည်းရမိကြောင်း Ye Defense Forceမှ ထုတ်ပြန်ထားပါသည်။
“အဲ့နေရာမှာ သူတို့ကကင်းပုန်းဝပ်နေတာ။ သူတို့တပ်ရင်းနဲ့လည်း တမိုင်လောက်ဘဲဝေးတာ။ အင်အားကတော့ ၁၀ ယောက်ဝန်းကျင်ရှိတယ်။ ကျွန်တော်တို့ကဝင်စီးတာ၊ သေနတ်တောင်မဖောက်လိုက်ရဘူး။ ထွက်ပြေးကုန်တာ၊ သေနတ်တွေကျန်ခဲ့တယ်။ကျည်လဲရတယ် M-16ကျည်က၅၀၊ AKကျည်က ၃၀ရတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်နဲ့ကျည်တွေကို
အကျိုးရှိတဲ့နေရာပြန်သုံးပါမယ်” ဟု Ye Guerrilla Forceမှ တာဝန်ရှိသူက ဧရဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၈ ရက်တွင်လည်း Ye Guerrilla Force အဖွဲ့သည် ရေးမြို့နယ် နယ်မြေခံတပ်ရင်း ခလရ ၁၀၆ တပ်ရင်းရှိ တပ်ရင်းမှူးနေအိမ် နှင့် အရာရှိရိပ်သာအား ၄၀ မမဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပါသေးသည်။
#Ayeyarwaddy_Times