
မိုးဗြဲ စစ်ဘေးရှောင်ကလေးငယ် ၅၀၀ ဝန်းကျင်ကို ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်နှင့် Mu Kayanအဖွဲ့မှ သွားရောက် လှူဒါန်း
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ရက်
ရှမ်းပြည်နယ် ၊ ဖယ်ခုံမြို့နယ် မိုးဗြဲ စစ်ဘေးရှောင်ကလေးငယ် ၅၀၀ ဝန်းကျင်ကို ဒီကနေ့ စက်တင်ဘာလ ၂၃ ရက် ဒီကနေ့မှာ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်နှင့် Mu Kayanအဖွဲ့မှ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
“အပတ်စဉ် သောကြာနေတိုင်းလှူဖြစ်ပါတယ်။အဲ့အစီအစဉ်ဆက်လက်ပြုလုပ်ပေးနိုင်ဖို့လည်း လှူဒါန်းလိုသူများပါဝင် လှူဒါန်းနိုင်ကြောင်းကိုလည်း နှိုးဆော်တိုက်တွန်းပါရစေ”လို့ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်မှ တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကလေးများအတွက် အာဟာရ ရရှိရန်ရည်ရွယ်ပြီး ကယန်းရိုးရာအသားဆန်ပြုတ်များ ၊လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကုသမှုများ အားဆေးတိုက်ကျွေးခြင်းများ ၊ ကိုယ်ကာယလုပ်ရှားနိုင်ရန်အတွက် အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့ပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်သည့် ဆပ်ပြာ သွားတိုက်တံများ ၊ စာသင်ကြားနိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်းသည့်အပြင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်နှင့် Mu Kayan အဖွဲ့ထံက သိရှိရသည်။
#Ayeyarwaddy_Times