ဖားကန့်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတဦး ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုမှာ စက်တင်ဘာလ ၂၃ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆန်ခါကျေးရွာ ဆိုင်းဘုတ်အနီး ရွာလမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းဟာ မနက် ၁၁ နာရီခွဲလောက်က ရွာသားတွေခြုံရှင်းချိန် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ဘယ်အဖွဲ့က ထောင်ထားတာလဲဆိုတာတော့ သေချာမသိရသေးဘူး မိုင်းကတော့ အသံမိုင်းဖြစ်ဖို့များတယ် တကယ်မိုင်းဆို အဲ့နား ၅ ယောက်လောက်သေတယ် ခုက ဒဏ်ရာလောက်ပဲရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ခြုံရှင်းတဲ့ ဦးထွန်းမှာ ပေါင်နဲ့ ခြေသလုံးအောက်နား ပေါက်ကွဲမှုကြောင် သဲ နဲ့ ကျောက်ခဲစထိမှန်တဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ အတည်ကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times