မန္တလေး၊ မြစ်ကြီးနားလမ်း အင်းတော်တွင် ဖမ်းမိတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာ ၁၀၀၀ ကို KIA၊PDF တို့မှပူးပေါင်းဖမ်းဆီးကာ ဖျက်ဆီး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မန္တလေး၊ မြစ်ကြီးနားလမ်းတွင် ကားနှင့် တင်ဆောင်လာသည့် စစ်တပ်ထုတ်ကုန် ဘီယာ ဖာ ၁၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့ IR Team က သတင်းထုတ်ပြန်သည်။

အဆိုပါတင်ဆောင်လာသည့် စစ်တပ်ထုတ်ကုန် Myanmar Beerနှင့်Andaman Gold Beer ဘီယာများကို ယမန်နေ့စက်တင်ဘာ ၂၂ ရက်က မန္တလေးကနေ မြစ်ကြီးနားဘက် သယ်ဆောင်လာချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ IR Team ကတင်းထုတ်ပြန်သည်။

ဒါ့ပြင် စစ်တပ်ထုတ်ကုန်တွေ ရောင်းဝယ် သုံးစွဲခြင်းမပြုဖို့နဲ့

နောက်နောင်တွင်လည်း စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဟု Indaw Revolution – IR အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှ်ိသည်။

#Ayeyarwaddy_Times