ရေဖြူမြို့ ပိတောက်ကုန်းရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်တပ်ရင်းကို PDF ပူးပေါင်းတပ်ဖွဲ့တို့ဝင်ရောက်တိုက်ခဲ့ရာ PDF ရဲဘော်နှစ်ဦးကျဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ပိတောက်ကုန်းရွာ ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ခလရ ၄၀၇ တပ်ရင်းကို ပြီးခဲ့သော သုံးရက်ခန့်က PDF အဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် ည ၇ နာရီခန့်က အဆိုပါ နေရာများကိုထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်T-1ဇုံ နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ရာရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတယ် လို့ ထုတ်ပြန်ထားပါတယ်။

ယင်း ကျဆုံးခဲ့သူနှစ်ဦးမှာ T-1ဇုံက ရဲဘော်နိုင်တီနိုင်းနှင့်မဟာမိတ်တပ်ဖွဲ့မှရဲဘော် ဝတုတ် တို့ဖြစ်​ ကြပြီးမိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းရကြောင်း ထားဝယ်ခရိုင်တပ် မတော်T-1ဇုံက ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားပါတယ်။

အဆိုပါ ရဲဘော် နှစ်ဦးကျဆုံးခဲ့တဲ့တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီ ဂိတ်စခန်းမီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပေမယ့် ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

#Ayeyarwaddy_Times