
စစ်ကောင်စီရဲ့မီးရှို့ခြင်းခံခဲ့ရသည့် ရိုးမရာဇာပြောက်ကျားတပ်ဖွဲ့၏တပ်စခန်း စခန်းသစ် ပြန်လည်တည်ဆောက်ရန် ခက်ခဲနေ
ဧရာဝတီတ်ိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
စစ်ကိုင်းတ်ိုင်းအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းမှ သြဂုတ်လ ၁၄ ရက်နေ့က ရိုးမရာဇာပြောက်ကျားတပ်ဖွဲ့စခန်းကို မီးတင်ရှို့ခဲ့ကြောင်း ရိုးမရာဇာ တပ်ဖွဲ့ထံကသိရသည်။
အဆိုပါ စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းကြောင့် ရိုးမရာဇာ တပ်ဖွဲ့အနေဖြင့် စခန်းသစ်ပြန်လည်တည်ဆောက်ရေး ခက်ခဲမှုတွေရှိနေ
တယ်လို့ ရိုးမရာဇာ တပ်ဖွဲ့ဝင်များက ပြောသည်။
“ကျွန်တော်တို့ စခန်းမီးအရှို့ခံရပြီး လက်နက်ကြီးတစ်ချို့ပျက်စီးသွားတယ်။စုဆောင်းထားတဲ့ ရိက္ခာတွေလဲ မီးထဲပါသွားပြီး
ခြင်ထောင်၊စောင် ကအစ မီးထဲပါသွားတယ်။ အခုလဲရှိတာလေးနဲ့ ရှာဖွေပြီး စခန်းသစ်ပြန်ပီးတည်ဆောက်နေပေမယ့် ငွေကြေးအခက်အခဲရှိနေတော့ အတော်လေး ဒုက္ခရောက်တယ် ခုတော့အစဥ်ပြေသလိုပြန်ဆောက်နေတယ်” လို့ Yoma Yar Zar ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် လက်နက်ထုတ်လုပ်ရာတွင်လည်း လိုအပ်နေသည့် ကုန်ကြမ်းများ ရရှိရေးအတွက်လည်း ပြည်သူတွေကို အကူအညီတောင်းခံထားတယ် လို့ ၎င်း တပ်ဖွဲ့ဝင်များကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း သြဂုတ်လအတွင်းကစတင်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ် နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
#Ayeyarwaddy_Times