
“စစ်ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ပြီး ငါတိုကလေးတွေကို သတ်နေတာ ခင်များတို့က ရပ်ကြည့်နေကြဦးမလား” ဟု ကြွေးကြော်ကာ ရွေနွယ်သွေးသပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
စစ်ကိုင်းတိုင်၊ သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ၅၀၂ ရက်မြောက်နေ့ အဖြစ် စစ်အာဏာရှင်အလိုမရှိကြောင်း ကို
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
ဒါ့ပြင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် စာသင်ကြားနေသည့် ကလေးတွေကို စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်နဲ့ပစ်ခတ်မှုအပေါ် သွေးနွယ်သွေးသပိတ်မှ လက်ယက်ကုန်းလူထုနှင့်အတူ ရပ်တည်ကာ “စစ်ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ပြီး ငါတိုကလေးတွေကို သတ်နေတာ ခင်များတို့က ရပ်ကြည့်နေကြဦးမလား”စာသားပါဘန်နာနှင့် ကုလသမ္မဂတွင်
ဦးကျော်မိုးထွန်းအား NUGရဲ့သံအမတ်အဖြစ် ပြန်လည်ခန့်အပ်ရန်၊ NUGအစိုးရအား အသိအမှတ်ပြုရန် “ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
#Ayeyarwaddy_Times