
သေ့ဘော့ဘိုးကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် ၂ ကြိမ်တိုင်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်ရန် ကြိုးစားလာသော စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃) ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings
ဒရုန်းတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။
ယနေ့ (စက်တင်ဘာ -၂၂)ရက်နေ့တွင် ပူပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ပါစစ်သည်တော် နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် စစ်ကောင်စီဘက်မှ (၂)ဦး သေဆုံးပြီး ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါကြောင်း ကော်ဘရာစစ်ကြောင်းမှ
ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ – Cobra Column
#သေ့ဘော်ဘိုး #စစ်ကောင်စီ #တိုက်ခိုက်
#Ayeyarwaddy_Times