Photo: AFP

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

မြန်မာစစ်တပ်မှ တိုက်လေယာဉ်တစ်စင်း ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်တာဟာ ပြဿ နာမဟုတ်ဖူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာက ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။

“မြန်မာတိုက်လေယာဉ်က မတော်တဆ ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်မိတာလို့ ပြောပါတယ်။ ကျွန်တော်တို့ကလည်း နိုင်ငံတကာစံချိန်တွေနဲ့အညီ တုံ့ပြန်ဖို့ ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်” လို့ ပရာယွပ်က ဆိုပါတယ်။

မြန်မာစစ်သံမှူးက တောင်းပန်စကား ပြောကြားခဲ့ပြီး နှစ်ဖက် ဆွေးနွေးနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ် ဆက်လက်ရရှိမယ်လို့ သူက ဆိုပါတယ်။
မနေ့က တက်ခ်ခရိုင် ဖော့ဖယားခရိုင်ထဲက ထိုင်းလေပိုင်နက်ထဲကို မြန်မာစစ်တပ်ရဲ့ MIG-29 တိုက်လေ ယာဉ်တစ်စင်း ငါးကီလိုမီတာလောက် ၁၅ မိနစ်ကြာ ကျူး ကျော်ဝင်ရောက်ပြီးတဲ့နောက် ပရာယွပ်က အခုလို မှတ် ချက်စကားပြောခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာကြောင့် ဒေသခံ တွေကြား အထိတ်တလန့်ဖြစ်သွားခဲ့ပြီး စာသင်ကျောင်းနှစ်ကျောင်းကို ယာယီ ပိတ်ထားခဲ့ရပါတယ်။အဲဒီခရိုင်ထဲက ရွာနှစ်ရွာမှာ ကရင်ဒုက္ခသည် ၁၀၀၀ ဝန်းကျင် ခိုလှုံနေပါတယ်။ တော်ဝင်ထိုင်းလေတပ်ဖွဲ့ ကလည်း နယ်စပ်မှာကင်းလှည့်ဖို့ အက်ဖ်-၁၆ တိုက် လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကို သတိပေးရန်နှင့် အနာဂတ်တွင် အလား တူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ထိုင်းလေတပ်ဖွဲ့ က ရန်ကုန်မြို့က ထိုင်းသံရုံးကနေတစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့တယ်လို့ တော်ဝင်ထိုင်းလေတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ပရာပတ်စ်ဆွန်ဂျိုင်ဒီးက ပြောပါတယ်။

ထိုင်းလက်နက်ကိုင်တပ်ဖွဲ့က ထိုင်းနိုင်ငံရဲ့ အချုပ်အချာအာဏာ မည်သည့်ချိုးဖောက်မှုကိုမဆို လက်တုံ့ ပြန်ဖို့ အသင့်ရှိတယ်လို့ တော်ဝင်ထိုင်းလေတပ်ဖွဲ့နဲ့ တက်ခ်ခရိုင် နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံရှိ သက်ဆိုင် ရာ အဖွဲ့အစည်းတွေထံ ဒီကနေ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

ကိုးကား – Thai Enquirer
Ref; Prayut says Myanmar violating Thai airspace to attack pro-democracy forces “not a big deal”