
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
တနသာ်ရီတိုင်း၊မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် စစ်ကောင်စီနှင့်ပုလော PDF တို့ ဇွန် ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ပုလော PDF က တဦးကျဆုံးခဲဲ့တယ်လို့ ပုလော PDF တပ်ဖွဲ့ထံကသိရပါတယ်။
အဆိုပါတိုက်ပွဲဟာ ဇွန် ၂၇ ရက်နေ့မှာ စတင်ဖြစ်ခဲ့ပြီးဇွန်လ ၂၈ ရက်နေ့တွင် နန်းတောင်ကျေးရွာတွင်လည်း တပ်စွဲထားတဲ့စစ်တပ်နှင့် ပုလောPDF၊ မဟာမိတ် အင်အားစုတို့အကြား ည ၈ နာရီမှ ည ၁၂ နာရီ အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ပုလော PDF တပ်ဖွဲ့ဝင်တစ်ဦးပြောပါတယ်။
ထို့ပြင် လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်ပြီးနောက် ဇွန် ၃၀ ရက် နံနက် ၁၀ နာရီ ခွဲခန့်အချိန်တွင် ကျောင်းနိမ့်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ပုလောမဟာမိတ်ပူပေါင်းတပ်များ အကြား နေ့လည် ၂နာရီ ၃၀ မီးနစ် အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်လို့ ပုလော
PDF ကပြောပါတယ်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပုလောမဟာမိတ်အင်အားစုဘက်မှ ၁ ဦးကျဆုံး ကာ ၄ ဦး ဒဏ်ရာရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ပုလောPDF ကထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-ပုလော PDF