
ဓာတ်ပုံ - ရခိုင်ရိုးမတနေရာအား မြင်တွေ့ရစဥ်။
ဧရာဝတီတိုင်းမ်
ကြံခင်း၊ ဇူလိုင် ၁ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ စပါးအိုးကျေးရွာ အနောက်ဘက် ရခိုင်ရိုးမတောထဲမှာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် – PDF တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့တယ်လို့ ရိုးမဧရာအဖွဲ့ထံကနေသိရပါတယ်။
ဒီနေ့မနက် ၉နာရီက စပါးအိုးကျေးရွာ အနောက်ဘက် ရခိုင်ရိုးမတောင်ခြေကို စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးရာကနေ ရိုးမဧရာဝတီ PDF တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ပူးပေါင်းတိုက်ခိုက်နေတဲ့ဧရာဝတီဒေါင်းတမာန် PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရွှေဒေါင်းက ဆိုပါတယ်။
ထို့ပြင်စပါးအိုးကျေးရွာဘက်ကို စစ်ကောင်စီဘက်က စစ်ကား ၆ စီးအင်အား ၆၀ ထက်မနည်း စစ်ကူလာရောက်လို့ စခန်းကိုစွန်ခွာခဲ့ရတယ်လို့ ရိုးမဧရာအဖွဲ့ကဆိုပါတယ်။
၎င်းတို့ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်အားလုံးထိခိုက်မှုမရှိ စခန်းကိုစွန့်ခွာနိုင်ခဲ့နိုင်ပြီး စခန်းစွန့်ခွာခဲ့ရလို့ လက်နက်နှင့် ပစ္စည်းအချို့ ဆုံးရှုံးခဲ့လို့ အကူများလိုအပ်နေပြီး ပြည်သူများအနေဖြင့်ကူညီပေးကြဖို့ကိုလည်း ရိုးမဧရာအဖွဲ့က ပြောဆိုထားပါတယ်။