
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
PDF တွေအလင်းဝင်ဖို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပြီးတဲ့နောက် ဇွန်လ ၁ လအတွင်းမှာ အလင်းဝင်ရောက် လာသူ PDF ၂၀၀ ကျော်အထိ ဝင်ရောက်လာတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။
ဇွန်လ ၆ ရက်နေ့ကလို့ စတင်အလင်းဝင်လာတာဖြစ်ပြီး ၂၉ ရက်နေ့အထိ ဒေသအနှံ့ ဝင်ရောက်တဲ့အရေအတွက် ၇၅ ကြိမ်ရှိပြီး PDF အမျိုးသား ၁၅၆ ဦး အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၁၅ ဦး အလင်းဝင်လာတာလို့ စစ်ကောင်စီကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဝါဒဖြန့်ဖော်ပြတဲ့ PDF အလင်း ဝင်တယ်ဆိုတဲ့ဇယားကွက်မှာလည်း လက်နက်၊ခဲယမ်းနဲ့အလင်းဝင်လာတယ်လို့ဖော်ပြခံရသူ တဦးမှမတွေ့ရပါဘူး။ စစ်ကောင်စီရဲ့အဲ့ဒီ PDF တွေအလင်းဝင်လာတယ်ဆိုတဲ့ထုတ်ပြန်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကထုတ်ပြန်တဲ့သူတွေဟာ မြေပြင်မှာစစ်ကောင်စီကိုတော်လှန်နေသူတွေမဟုတ်သလို စစ်သင်တန်းတက်ရောက်ထားသူတွေမဟုတ်ဘဲ ၄င်းတို့စစ်ကောင်စီနဲ့ညှိနှိုင်းထားသူတွေနဲ့ ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်တယ်လို့ ဒေသအလိုက် PDF တွေဘက်ကပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့အလင်းဝင်ဖို့ပြောဆိုချက်ကို စဥ်စားရန်မရှိဘဲ စစ်ကောင်စီတပ်အမြစ်ပြုတ်တဲ့အထိတော်လှန်တိုက်ခိုက်သွားမှာလို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က သူတို့ရဲ့သဘော ထားကိုတုန့်ပြန်ပြောဆိုထားပါတယ်။လျက် ဂဃနဏဖတ်ခဲ့သည်။