စေတုတ္တရာနယ်အတွင်းမှာ စစ်ကောင်စီစစ်​ကြောင်းတိုက် ခိုက်ခံရလို့ ကပစ ၂၀ က MCTI ဆင်း တပ်ကြပ်ကြီး ၂ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၂ ရက်

မကွေးတိုင်း၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်အခြေစိုက် အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၀) က စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီး ၂ ဦး စက်တင်ဘာလ ၂၁ ရက် မနေ့ တိုက်ပွဲအတွင်းမှာသေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကပစ ၂၀ တပ်ရင်းက စစ်ကြောင်းထိုးသွားလာနေစဥ် ညနေ ၄ နာရီခွဲလောက်မှာ အပေါရွာအနီးမှာ တိုက်ခိုက်ခံရလို့ ကပစ ၂၀ တပ်ရဲ့ စီမံရေးဌာနက တပ်ကြပ်ကြီး အောင်သူနဲ့ တခြားတပ်ကြပ်ကြီး ၁ ဦး ထိခိုက်သေဆုံးခဲ့တာလို့ဆိုပါတယ် ။

” မနေ့က ကပစ ၂၀ က လွှတ်ထားတဲ့ လုံခြုံရေးအဖွဲ့တိုက်ပွဲဖြစ်ပြီး တပ်ကြပ်ကြီး ၂ ယောက်ကျတယ်။ ၁ ယောက်ကိုတော့သိတယ် ၊ တပ်ကြပ်ကြီး အောင်သူတဲ့။ သူနဲ့ နောက်တယောက်လည်းတပ်ကြပ်ကြီးဘဲ” လို့ ကပစ ၂၀ တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သေဆုံးခဲ့တဲ့တပ်ကြပ်ကြီးတွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံ (MCTI) ကျောင်းဆင်း တပ်ကြပ်ကြီးတွေလို့ သူကဆက်လက်ပြောပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ် သက်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို မေးမြန်းကြည့်တာမှာ မကွေးတိုင်းနဲ့ချင်းပြည်နယ်စပ်ဒေသ လောင်းရှည် နယ်တဝိုက်မှာလှုပ်ရှားနေတဲ့ LSRPDF ကအခုလိုပြောပါတယ်။

” အပေါရွာတဝိုက်ပေါ့နော် အပေါဆိုတာက လုံးကြီးအုပ်စု စေတုတ္တရာအပိုင်၊စေတုတ္တရာ၊လောင်းရှည်၊ချင်းပြည် နယ် ၃ ခု စပ်နေရာပေါ့။ အဲ့ဒီနားမှာ ကျနော်တို့မဟာမိတ်တွေထိတွေ့မှုဖြစ်ပြီး စကစဘက်ကထိခိုက်သေဆုံးရှိတယ်ဆိုတာသိရတယ်။ ကျနော်တို့နဲ့ဖြစ်တာတော့မဟုတ်ဘူး မဟာမိတ်တွေနဲ့ပါ။ သူတို့သက်ဆိုင်ရာကသတင်းထုတ်ပြန်မယ်ထင်ပါတယ်” လို့

လောင်းရှည်ဒေသကာ ကွယ်ရေးတပ်ဖွဲ့ LSRPDF ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

စေတုတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က PDF တွေအခြေချနေထိုင်တယ်လို့ယူဆတဲ့နေရာတွေကို စစ်ကြောင်းထိုးရှာဖွေတာမျိုးတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – မကွေးတိုင်း၊အောင်လံမြို့နယ် အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံဟောင်း)

#Ayeyarwaddy_Times