စက်တင်ဘာလ ၂၂ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကိုစုံစမ်းစစ်ဆေးနေတဲ့ (IIMM) အတွက် အမေရိကန်က ဒေါ်လာ ၁ သန်း ကူညီပေးအပ်လိုက်တယ်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်

– နယ်မြေစိုးမိုးမှု ခိုင်မာရေးကြိုးပမ်းနေတဲ့ ULA/AAရဲ့ လမ်းကြောင်းအကောင်အထည်ပေါ်လာမလား

– AA ကို မထောက်ပံ့ရန် ရခိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စစ်ကောင်စီ သတိပေး

– ရခိုင် ၆ မြို့နယ်တွင် အကူအညီပေးလုပ်ငန်းများ ရပ်ထားရန် စစ်တပ်ညွှန်ကြားထားဟု ကုလပြော

– မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ကျူးလွန်းနေသူတွေဟာ ပြစ်မှုတွေအတွက် မလွဲမသွေ တာဝန်ခံရမယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဂူးတားရက်စ်က ပြောပါတယ်

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို အာဏာသိမ်းစစ်ကောင်စီက နေရပ်ပြန်ခိုင်းနေပါတယ်

– မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၀၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၅၉၁ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထုတ်ပြန်

– ပုသိမ်မြို့မှာ ၂ ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိ