ဒီးမော့ဆိုမြို့နယ် ငွေတောင်အ​ခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၀၂ တပ်ရင်းအတွင်းရှိ လက်နက်တိုက် မီးလောင်နေ(ရုပ်/သံ)

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၂ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ငွေတောင်အ​ခြေစိုက် ခလရ ၁၀၂ တပ်ရင်းအတွင်းရှိ လက်နက်တိုက်မှာ ယနေ့ စက်တင်ဘာလ ၂၂ ရက် နေ့လည် ၁ နာရီခွဲခန့်ကစတင်ကာ ပေါက်ကွဲမှုဖြစ်ပွားပြီး ယခု ညနေပိုင်းအချိန်အထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

” စစ်ကောင်စီတပ်မှ မီးငြိမ်းရန်ကြိုးစားနေခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်များဖက်မှ တာဝေးပစ် လက်နက်ကြီးအချို့ အသုံးပြုကာ ထပ်မံပစ်ခက်ခြင်းကြောင့် အဆိုပါ မီးလောင်ကျွမ်းနေသော လက်နက်တိုက်များမှာ အဆင့်ဆင့် အဆက်မပြက်ပေါက်ကွဲကာ ညနေပိုင်းထိ မီးလောင်ကျွမ်းနေခဲ့ကာ ၎င်းတို့တပ်တွင်း၌လည်း အော်ဟစ်ဆူညံမှုများ ဖြစ်ပေါ်နေခဲ့ပါသည်” ဟု

KNDF က ရေးသားထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့သော စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် အမှတ် (၁၀၂)တပ် ရင်းမှာ နေ့စဥ်နီးပါး ပြည်သူလူထုများအား ပစ်မှတ်ထားကာ လူနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခက်တိုက်ခိုက်နေသော တပ်ရင်းဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်နက်တိုက်များအား ၎င်းတို့ တပ်သားများထဲမှ စတင်၍ မီးရှို့ခဲ့သည် ဟုယူဆရပြီး KNDF နှင့် PDF ပူးပေါင်းအဖွဲ့များဖက်မှလည်း မီးငြိမ်းရန်ကြိုးစားနေသည့် အဆိုပါ မီးလောင်နေသော လက်နက်တိုက်များအနီးသို့ ထပ်ဆင့်ပစ်ခက်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းကြောင်း မီးငြိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ဒီးမော့ဆိုမြို့နယ်အတွင်း

မိမိတို့ကရင်နီပူပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်လျှက်ရှိနေပြီး အထိနာနေသောအကြမ်းဖက် စစ်ကောင်စီတပ်များဖက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခက်လျှက်ရှိနေသောကြောင့် တိုက်ပွဲများနှင့် အနီးဝန်ကျင်တွင် ရှိနေသော ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာတွင်

နေထိုင်ကြပါရန် မေတ္တာရပ်ခံအသိပေးထုတ်ပြန်ထားသည်။

ရုပ်သံ – KNDF

#Ayeyarwaddy_Times