
ကိုက် ၁၀၀၀ အထိပစ်ခတ်နိုင်တဲ့ ၆၀ မမ လက်နက် ကြီးကို Federal Revolution Force မှအောင်မြင်စွာထုတ်လုပ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ကိုက် ၁၀၀၀ အကွာအဝေးအထိပစ်ခတ်နိုင်သည့်
၆၀မမ (60mm) လက်နက်ကြီးအား အောင်မြင်စွာထုတ် လုပ်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းနယ်မြေအတွင်း လှုပ်ရှားနေသည့် Federal Revolution Forceက စက်တင်ဘာလ ၂၁ ရက်နေ့ကထုတ်ပြန်သည်။
ထုတ်လုပ်ရေးပိုင်း အခက်အခဲတချို့နှင့် လိုအပ် ချက် များကြောင့် အချိန်ကြန့်ကြာခဲ့ရသော်လည်း အဆိုပါလက်နက်ကြီးကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး ရှေ့ ထွက်မိုင်း၊နင်းမိုင်းများ တွေလည်းထုတ်လုပ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
#Ayeyarwaddy_Times