
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားဂျက်တိုက်လေယာဉ် ၅၅ စင်းအထိ ပစ်ချနိုင်ခဲ့ပြီလို့ ကန်ဗိုလ်ချုပ်ကြီး ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ကျူးကျော်စစ်ပွဲ စတင်ပြီးနောက်ပိုင်း ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ရုရှား ဂျက် တိုက်လေယာဉ် ၅၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဥရောပတိုက်ရှိ အမေရိကန်လေတပ်ဖွဲ့မှူးက ပြောပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ လေကြောင်း သာလွန်မှုရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဝါရှင်တန်မြို့ တော်မှာပြုလုပ်တဲ့ လေကြောင်းအာကာသနှင့် ဆိုက်ဘာညီလာခံမှာ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဟက်ကာက ပြောပါတယ်။
ဆိုဗီယက်ပြည်ထောင်စုခေတ်က ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရုရှားနိုင်ငံက ကောင်းစွာ သတိထားမိပေမယ့် ရုရှားတပ်ဖွဲ့တွေရဲ့ ဖေဖော်ဝါလနှောင်းပိုင်းအတွင်း ကနဦးတိုက်ခိုက်မှုတွေက မြေ ပြင်-ဝေဟင်ခွင်းဒုံးကျည်လိုမျိုး လက်နက်တွေကို မဖျက်ဆီးနိုင်ခဲ့ပေ။
ယူကရိန်းတိုက်လေယာဉ်တွေမှာ အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ စတင်းဂါးဒုံးကျည်လိုမျိုး လေယာဉ်ဖျက်စနစ်တွေ တပ်ဆင်ထားပြီး ပခုံးထမ်းဒုံးကျည်တွေက အနိမ့်ပျံသန်းလာတဲ့ ရုရှားတိုက်လေယာဉ် တွေကို ပစ်ချနိုင်ခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ စစ်ပွဲကာလ ခြောက်လကြာမြင့်လာချိန်မှာ ရုရှားတိုက်လေယာဉ်တွေက ယူကရိန်း မှာ အမြင့်ပေများစွာမှာသာ ပျံသန်းနိုင်ပြီး တာဝေးပစ်ဒုံးကျည်တွေ ပစ်ခတ်နိုင်ပါတော့တယ်။
“ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖျင်းအားဖြင့် ရုရှားဂျက်တိုက်လေ ယာဉ် ၅၅ စင်းကို ပစ်ချနိုင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်မှာ ယူကရိန်း ကျူးကျော်စစ်ပွဲ စတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံက ဂျက်တိုက်လေ ယာဉ် ၅၅ စင်းထက်မနည်း ဆုံးရှုံးခဲ့ဖွယ်ရှိတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက် မှာ ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် အရပ်ဘက်အ ဆောက်အအုံတွေကို ထိမှန်ခဲ့တယ်လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဓာတ်အားပေးစက်ရုံ တွေကို ထိမှန်ခဲ့တာဟာ သူတို့ဟာ အရပ်သားတွေရဲ့အသက်ကို အလေးမထားဘူးဆိုတာ ပြသတာပဲဖြစ်ပါတယ်” လို့ ၄င်းက ပြောပါတယ်။
ကိုးကား – 9News
Ref; Ukraine has shot down about 55 Russian fighter jets, top US commander says