တွန်းဇံမြိုနယ်၏ စစ်ကောင်စီယန္တရား သုံးပုံနှစ်ပုံကို Tonzang – CDF မှ ထိန်းချုပ်ထားနိုင်ပြီလို့ ပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင်ပြော

အေးစီ/ဧရာဝတီတိုင်းမ်

(တွန်းဇံ) စက်တင်ဘာလ ၂၂ ရက်

တွန်းဇံမြို့နယ်၏ ‌နယ်မြေသုံးပုံနှစ်ပုံ(အရှေ့ဘက်ခြမ်း)ကို Tonzang-CDF မှစိုးမိုးအုပ်ချုပ်နိုင်ပြီး တွန်းဇံမြို့၏နယ်မြေအားလုံးကို စိုးမိုးအုပ်ချုပ်နိုင်ရန်လည်း ဆက်လက်ကြိုးပမ်းနေကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့နယ် လုံတပ်ရွာတွင် ပြည်သူ့အုပ်ချုပ်ရေး စတင်ကို အသိမှတ်ပြု အကောင်ထည်ခဲ့ပြီး Tonzang-CDF တပ်ဖွဲ့နှင့် ပူးပေါင်း၍ အရံ ၁၁ ဦး အပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တာဝန် ခန့်အပ်လိုက်ပြီး မြို့နယ်၏ နယ်မြေသုံးပုံနှစ်ပုံတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။

“တွန်းဇံမြို့နယ်ရဲ့ ၃ ပုံ၂ပုံ(အရှေ့ဘက်ခြမ်း)ကို Tonzang-CDF ကစိုးမိုးနိုင်ပြီး‌ ပြည်သူ့အုပ်ချုပ်ရေးမှူးတွေက အုပ်ချုပ်တယ်။ ကျွန်တော်တို့စိုးမိုးနယ်မြေတွင်မှာ ပြည်သူဘက်မှ ကျောင်းတွေလည်း ဖွင့်ပေးတယ်။ စစ်ကောင်စီလက်အောက်မှာ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ပေးတဲ့က ၁၆ ရွာလောက် ကျန်သေးတယ်။ အဲတာတွေလည်း အကုန်လုံးရှင်းထုတ်ဖို့

ကြိုးစားနေဆဲပါ” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

Tonzang-CDF နှင့် ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို အကြိမ်ကြိမ်သတိပေးခဲ့ရာ လက်ရှိအချိန်အထိ ဝန်ထမ်းအားလုံး၏ သုံးပုံနှစ်ပုံမှာ ပြ်ည်သူ့အုပ်ချုပ်ရေးတွင် ပူးပေါင်းပါဝင်နေပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူများကိုလည်း လာမည့် နိုဝင်ဘာလမှစတင်ကာ အပြစ်ပေးအရေးယူဖမ်းဆီးတော့မည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

#တွန်းဇံ #စစ်ကောင်စီ #အုပ်ချုပ်ရေးယန္တရား #သုံးပုံနှစ်ပုံ #CDF #ထိန်းချုပ်

#Ayeyarwaddy_Times