
ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲမြင်ကွင်းအချို့
ဧရာဝတီတိုင်ႈမ်
စက်တင်ဘာလ ၂၂ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် (၃/၂၀၂၂) ကို ထန်တလန်မြို့နယ် တစ်နေရာတွင် စက်တင်ဘာလ (၅) ရက်မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ သင်တန်းပေးပို့ခဲ့ကြောင်ႈ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေႈအဖွဲ့ သတင်ႈပြန်ကြာရေႈနှင့်
ပြည်သူ့ဆက်ဆံရေႈဌာနမှ သတင်ႈထုတ်ပြန်ထားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၅၆)ဦႈ တက်ရောက်ပြီႈ ကရာတေး(Karate)၊ အခြေခံရဲလုပ်ငန်း၊ ဥပဒေ ၊အမှုစစ်နည်းများကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်မျာႈကိုလည်ႈ သင်တန်ႈပြီႈမြောက်ကြောင်ႈ လက်မှတ်များကို အသီးသီးပေႈအပ်ခဲ့ကြောင်ႈ ထုတ်ပြန်ချက်တွင်ပါရှိသည်။
သင်တန်းပြီးမြောက် ပြီးသော ရဲတပ်ဖွဲ့များအနေဖြင့် ရဲတပ်ဖွဲ့ ၏ရည်မှန်းချက်အတိုင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို CDF-Thantlang စိုးမိုးနယ်မြေရှိရွာများတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တရားဥပဒေနှင့်အညီလုပ်ငန်း တာဝန််အသီးသီးထမ်းဆောင်သွားကြမည်ဖြစ်ကြောင်ႈ
သတင်းထုတ်ပြန်ထာႈသည်။
#ထန်တလန် #ပြည်သူ့ရဲ့တပ်ဖွဲ့ #သင်တန်း
#Ayeyarwaddy_Times