ကြံ့ခိုင်ရေးပါတီဥက္ကဌ ဥိးသန်းဌေး အနားယူသွားသဖြင့် ဥက္ကဌသစ်အဖြစ် ဦးခင်ရီတာဝန်ယူ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၁ ရက်

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ နေရာကို ဒု-ဥက္ကဌ ဦးခင်ရီက ယနေ့ စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီဝန်းကျင်ကစလို့ တာဝန်ယူလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ယခင် ဥက္ကဌ ဦးသန်းဌေးကတော့ ကျန်းမာရေးအရ အနားယူလိုက်တယ်လို့သိရပြီး အနားယူတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။

ဦးခင်ရီဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းကမှ စစ်ကောင်စီခန့်ထားတဲ့ လဝက ဝန်ကြီးရာထူးကနေ အနားပေးခံထားရတာဖြစ်ပြီး ကြံခိုင်ရေးပါတီတာဝန်တွေပြန်လည်ဆောင်ရွက်နေတာပါ။

#AyeyarwaddyTimes