
စစ်လက်ရုံးတပ်တွေမှာပါ တပ်သားသစ်စုရခက်နေလို့ ၆တန်းအောင် နဲ့၆တန်းတွေပါ စုဆောင်းဖို့စစ်ခေါင်း ဆောင်တွေ ညွှန်ကြား
ဟိန်းစံ/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
စစ်ကောင်စီတပ်လက်အောက်ခံ စစ်လက်ရုံးတပ်တွေမှာလည်း တပ်သားသစ်စုဆောင်းလို့မရလို့ ပညာအရည် အချင်း ၆ တန်းနဲ့ ၆တန်းအောင်တွေပါ စုဆောင်းဖို့ စစ်ခေါင်း ဆောင်တွေကညွှန်ကြားလာတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။
စစ်လက်ရုံးတပ်တွေဖြစ်တဲ့ ကပစ ၊ ထောက်ပို့၊ ဆေးဝန် ထမ်းတပ်ဖွဲ့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(BE)၊ ဆောက် လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ လျှပ်စစ်နဲ့စက်မှုအင်ဂျင် နီယာတပ်(Eme)၊ စစ်လက်နက်ပစ္စည်းထိန်းတပ် စတဲ့လက်ရုံးတပ်အများစုဟာ စစ်အာဏာမသိမ်းမီသတ်မှတ်ချက်အရ ပညာအရည်အချင်း ၈ တန်းအောင်ကနေစတင်စုဆောင်းရတာဖြစ်ပြီး
ခုလက်ရှိမှာ တပ်သားသစ်စုဆောင်းရခက်ခဲနေလို့ အခုလိုမျိုး လျှော့ချစုဆောင်းခိုင်းတာလို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီကပစတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
” အရင်က ၈ တန်းအောင်မှ ခု ၆တန်းအောင် လည်းစု၊ ၆ တန်းလည်းစုဆိုပြီး အပေါ်(စစ်ခေါင်းဆောင်) က နှုတ်မိန့်နဲ့ညွှန်ကြားတယ်ပေါ့။ အဓိက လူပါလာရင်ပြီးရောပေါ့ ကျန်တဲ့ ၆တန်းတွေ ၈တန်းတွေက ကြိုက်သလိုလုပ်လို့ရတယ်လေ(On paper)ဘဲ။ ကပစ မှ အဲ့ဒီအခြေအနေဆိုတော့ ကျန်တဲ့ ယာ၊ပံ့၊လျှပ်၊နက်၊ဆေး၊လက်ရုံးအကုန်ညွှန်ကြားတာ” လို့
မကွေးတိုင်းအတွင်းက တပ်အမည်မဖော်လိုတဲ့ ကပစစစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်အာဏာမသိမ်းမီက လက်ရုံးတပ်ဖွဲ့တွေဟာ ပညာအရည်အချင်း ၈ တန်းအောင်နဲ့သာစုဆောင်းပေမယ့် တပ်သားသစ်အများဆုံးရရှိခဲ့တာဖြစ်ပြီး ခုလက်ရှိ စစ်အာဏာသိမ်းပြီးတဲ့နောက်ကာလ ၁၈ လအတွင်း တပ် သားသစ်စုဆောင်းမှု ၁ ဦးမှမရရှိတဲ့ လက်ရုံးတပ်တွေအများအပြားရှိလာတယ်လို့ သူကဆက်လက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က တပ်သားသစ် ၁ ဦးကို သိန်း ၃၀ ကျော်အထိ ပေးပြီးစုဆောင်းနေပေမယ့် စုဆောင်းရခက်ခဲနေတာလို့ တညင်းကုန်စစ်သားစုဆောင်းရေးတပ်နဲ့နီးစပ်သူတွေကလည်း ဧရာဝတီတိုင်းမ်ကိုပြောပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ လေတပ်စစ်သားသစ်ခေါ်ယူမှုအတွက် ပြီးခဲ့တဲ့နှစ်ထဲမှာဘဲ ၈ တန်းအောင်အစား ၆ တန်းအောင်ကိုလျှော့ချစုဆောင်းနေတာကနေ လက်ရုံးတပ်ဖွဲ့ ရဲ့တပ်သားသစ်စုဆောင်းမှု ပညာအရည်အချင်းကိုပါ လျှော့ချစုဆောင်းလာရတဲ့အခြေအနေပါ။
” အဓိက လက်ရုံးတပ်တွေမှာစုတဲ့သူတွေက စစ်မတိုက်ရဘူးလို့ပြောပြီးစုတာ၊ လက်ရုံးတွေက အင်ဂျင်နီယာတွေပေါ့၊ ၈ တန်းအောင်မှစုတယ်ဆိုပြီး အရင်တုန်းကတော့ ဟန်ပေါ့ဗျာ၊ ဟန်ကိုယ့်ဖို့ပေါ့။ ၈ တန်းအောင်မှစုမယ်တို့ဘာတို့လုပ်တာပေါ့။ ခုက လက်ရုံးတွေလည်း စစ်မတိုက်ရလား၊ ဘလိုအခြေနေလဲ တပ်နဲ့ပတ်သက်တယ်ဆိုရင်ကို
အခြေအနေမကောင်းတဲ့ကာလဆိုတော့ သူတို့စုလို့လုံးဝမရတေည့တဲ့အခြေအနေပေါ့။ အဲ့တာကြောင့် ဘယ်နှစ်တန်းဖြစ်ဖြစ်စုပါဆိုတာတွေဖြစ်လာတာ” လို့ CDM တပ် မတော်သားတဦးက ပြောပါတယ်။
ဒီအခြေအနေတွေဟာ လူသစ်စုစစ်ကောင်စီတပ်သားတွေဟာ လူဖြစ်ရင်ပြီးရော ခေါ်နေကြတယ်တဲ့ လက်ရှိအခြေအနေအရ ကိုယ်စုတဲ့သူကို ကိုယ်တာဝန်ခံရမှာဖြစ်ပြီး စစ်သားသစ်စုတဲ့သူတွေအကျပ်အတည်းတခုနဲ့ရင် ဆိုင်နေရတာလို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်ကပြောပါတယ်။
”လူဖြစ်ရင်ပြီးရောဆိုပြီးကို ခေါ်နေကြတာပေါ့၊ ဘာဘဲဖြစ်ဖြစ် ဝင်မယ်ဆိုရင်ကိုပြီးရောပေါ့၊ မရလို့ကိုမရဘူးပြီးတော့ ကိုယ်စုတဲ့သူကို ကိုယ်တာဝန်ခံရမှာ သူတို့အကျပ်ရိုက်နေတယ်” လို့သူကပြောပါတယ်။
#AyeyarwaddyTimes