စစ်ကောင်စီအလိုကျ ပြည်သူကိုဒုက္ခပေးနေတဲ့ ပုသိမ်မြို့က KBZ ဘဏ် ၄ ခုအား တိုက်ခိုက်သွားမယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၁ ရက်

စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က KBZ ဘဏ် ၄ ခုအား တိုက်ခိုက်သွားမယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီး မြို့မရဲစခန်းအနီးရှိ KBZ ဘဏ်(၁)၊ ဈေးချောင်းလမ်း ရွှေပြည်သာဈေးအနီးရှိ KBZ ဘဏ်(၂)၊ မင်းရဲကျော်စွာလမ်း၊ ကုလားကုန်းဈေးအနီး KBZ ဘဏ် (၃) နဲ့ ဘဏ် (၄)တို့အပြင် ကမ်းနားလမ်းရှိ Kpay Center တို့ကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

“KBZ ဘဏ်ဟာ စစ်ကောင်စီကို အပြည့်အဝထောက်ခံပြီးတော့ ဗဟိုဘဏ်၏ညွန်ကြားချက် အတိုင်း ပြည်သူအား နည်အမျိုးမျိုးဖြင့် ဒုက္ခပေးနေတာကြောင့် ပုသိမ်မြို့က KBZ ဘဏ် ၄ ခုကို တိုက်ခိုက်သွားမှာဖြစ်ပါတယ်” လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဘဏ်လုံခြုံရေးဝန်ထမ်းများအနေနဲ့လည်း မစ်ရှင်ဆောင်ရွက်ချိန်မှာ ခုခံမည်ဆိုပါက ဒလန်အဖြစ် သက်မှတ်ပြီး လုပ်သင့်တာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

“ဒေသခံပြည်သူတွေအနေနဲ့လည်း သေနတ်သံ၊ ပေါက်ကွဲသံကြားရင် မစပ်စုကြဖို့။ မစ်ရှင်ဆောင်ရွက်နေချိိန်မှာလည်း ကျွန်တော်တို့ ပြောက်ကျားအဖွဲ့ဝင်တွေ ဝင်လမ်း၊ ထွက်လမ်း အနှောက်အယှက်မပေးကြဖို့ သတိပေးလိုပါတယ်။ ခုခံတားဆီးနှောက်ယှက်တဲ့ ပြည်သူတွေကိုလည်း ဒလန်အဖြစ်သတ်မှတ်ပြီး လုပ်သင့်တာလုပ်သွားမှာဖြစ်ပါတယ်” လို့

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောတယ်။

မစ်ရှင်စတင်မယ့် အချိန်ကိုတော့ အတိအကျမပြောနိုင်သေးသလို မစ်ရှင်ဆောင်ရွက်နေချိန်တွင်လည်း ပြည်သူများအနေနဲ့ စပ်စုခြင်း၊ ဝင်ရောက်နှောက်ယှက်ခြင်း၊ ခုခံတိုက်ခိုက်ခြင်းမပြုလုပ်ကြဖို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့တာဝန်ခံက သတိပေးပြောဆိုထားပါတယ်။

ပုံ – ပုသိမ်မြို့၊ မင်းရဲကျော်စွာလမ်း၊ ကုလားကုန်းစျေးအနီးရှိ KBZ ဘဏ်ခွဲ အမှတ်(၄၄၄)အား မြင်တွေ့ရစဥ်။

#စစ်ကောင်စီ #ပုသိမ် #KBZ #ဘဏ် #တိုက်ခိုက်

#Ayeyarwaddy_Times