ကျောင်းသားကလေးသူငယ်များ သေဆုံးစေခဲ့သည့် မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ပြီးအပြင်းထန်ဆုံးရှုတ်ချကြောင်း ကနေဒါသံရုံးထုတ်ပြန်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာ သင်ကျောင်းကို စက် တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့်ကလေးငယ် ၆ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ရမှုအပေါ် အပြင်းထန်ဆုံးရှုတ်ချကြောင်း ကနေဒါသံရုံးက ယနေ့တွင်ထုတ်ပြန် သည်။

ကျောင်းသားကလေးသူငယ် ၁၁ ဦးကို သေဆုံးစေမှုဖြစ် ပွားခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုအားလုံးကို ကနေဒါနိုင်ငံမှ အပြင်းထန်ဆုံးရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

“မကြာသေးမီက အနည်းဆုံး ကျောင်းသူ၊ ကျောင်းသား ကလေးငယ် ၁၁ ဦးကို အသက်ဆုံးရှုံးစေခဲ့ပြီး အခြားဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားသော တိုက်ခိုက်မှုများအားလုံးကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံးရှူတ်ချလိုက်သည်”ဟု

ကနေဒါသံရုံးလူမှုကွန်ယက်တွင် ထုတ်ပြန်ရေးသားထားသည်။

ကနေဒါနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေများ ချိူးဖောက်ခြင်းအတွက် မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းရန်လုပ် ဆောင်မည့်လုပ်ငန်းများ၊ ပညာသင်ယူခွင့်၊ အခြေခံကျန်း မာရေးစောင့်ရှောက်မှုနှင့် တစ်ကိုယ်ရည် လုံခြုံမှုရရှိရေးတို့အပါအဝင် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ၏ အခွင့်အရေးကို ကာကွယ်သည့်လုပ်ငန်းများကို

ဆက်လက်ကူညီထောက်ပံ့သွားမည်ဟုလည်း ဆိုသည်။

အဆိုပါ ဒီပဲယင်းမြို့ လက်ယက်ကုန်းကျေးရွာဖြစ်စဥ်နှင့်ပတ်သက်ပြီး Black Army-DPY PDF အဖွဲ့တာဝန်ရှိသူက “လက်ယက်ကုန်းဖြစ်စဥ်ဟာ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ အပြစ်မဲ့ ကလေးငယ်ကျောင်း သား၊ ကျောင်းသူနဲ့ ပြည်သူတွေကို အယုတ်မာဆုံး အကြမ်းဖက်မှုသာ ဖြစ်တယ်။ ဒီလုပ်ရပ်တွေအတွက် မင်းအောင်လှိုင်အပါအဝင်

စစ်ခေါင်းဆောင်တွေ တာဝန်ယူရပါမယ်”ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့လည်ပိုင်းက လက်ယက်ကုန်း ရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဥ် ၂ စီးဖြင့် ၁ နာရီနီးပါးကြာပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ကြားနေသည့် ကလေး ၆ ဦးအပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးခဲ့ရပြီး ၂၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

#AyeyarwaddyTimes