ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
မြန်မာက ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ICJ တရားရုံး စီရင်ချက် ထွက်ပေါ်ပြီးနောက် မြန်မာနဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
အနုတင်က ဘန်ကောက်မြို့၊ အစိုးရအိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် သူက အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ICJ တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ထိုင်းအနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးကို မပျက်အောင် ဆက်ထိန်းထားရမယ်လို့ အနုတင်က ဆိုပါတယ်။ တခြားနိုင်ငံတွေက သူတို့နည်းလမ်းနဲ့သူတို့ ရပ်တည် ကြမှာဖြစ်ပြီး ထိုင်းအနေနဲ့ နိုင်ငံအတွက် အကျိုးအရှိဆုံးဖြစ်မယ့် ရပ်တည်ချက်ကိုပဲ ယူရမယ်လို့ သူက ပြောပါတယ်။

မြန်မာနဲ့ ဆက်ဆံရေး မဖြတ်တောက်ရတဲ့ အကြောင်းရင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကလည်း ရှင်းပြထားပြီးဖြစ်ပါတယ်။မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ ဆွေးနွေးညှိနှိုင်း ရေးကို အားပေးဖို့နဲ့ အကူအညီလိုအပ်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးမှာ မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ တရားရုံးက နိုဝင်ဘာ ၁၉ ရက်မှာ ၉ မဲ၊ ၆ မဲနဲ့ ဆုံးဖြတ်ခဲ့တာပါ။ဘသံသယရှိတဲ့ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး အရေးယူဖို့နဲ့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းစွာ နေရပ်ပြန်ခွင့်ပေးဖို့ကိုလည်း ICJ တရားရုံးက အမိန့်ချခဲ့ပါတယ်။
နစ်နာကြေး ပမာဏနဲ့ ပုံစံကိုတော့ အမှုရဲ့ နောက်ပိုင်းအဆင့်ကျမှ ICJ တရားရုံးက ဆက်လက်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက တရားရုံးဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၀ ရက်မှာ ငြင်းဆိုခဲ့ပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့တာလို့ ပြန်ချေပထားပါတယ်။
News: The Nation
Ref; Anutin says national interest will guide Thailand’s Myanmar ties