ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

 

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ICJ တရားရုံး စီရင်ချက်ကို မြန်မာက လက်မခံ ပယ်ချလိုက်ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုမယ်လို့ ပြင်သစ်က ပြောပါတယ်။

 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးဖို့ တောင်းဆိုမယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။ICJ တရားရုံးရဲ့ စီရင်ချက်တွေဟာ အပြီးသတ်ဖြစ်သလို သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့ ပြင်သစ်က ထောက်ပြပါတယ်။

Rohingya refugees gather to watch the live announcement of a verdict by the International Court of Justice (ICJ) in a case accusing Myanmar of committing genocide against the minority Rohingya population, on a big screen at a refugee camp in Cox’s Bazar, Bangladesh, November 19, 2026. REUTERS/Mohammad Ponir Hossain

နိုင်ငံတကာဥပဒေနဲ့အညီ တရားရုံးဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရမယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အငြင်းပွားမှုမှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံက တရားရုံးစီရင်ချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် လုံခြုံရေးကောင်စီက ကြားဝင်ဆောင်ရွက်ခွင့် ရှိပါတယ်။

 

တရားရုံးဆုံးဖြတ်ချက်ကို အတင်းအကျပ် လိုက်နာလာစေဖို့အတွက် လုံခြုံရေးကောင်စီအနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုနိုင်တယ်လို့ ပြင်သစ်က ဆိုပါတယ်။ ရိုဟင်ဂျာ တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုအပေါ် ICJ တရားရုံးက မကြာသေးခင်က စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က တရားရုံးကြားနာပွဲကို မြန်မာဘက်က သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်ခဲ့ပေမဲ့ စီရင်ချက်ထွက်အပြီးမှာ မြန်မာအစိုးရက ပယ်ချခဲ့တာပါ။မြန်မာက တရားရုံး ဆုံးဖြတ်ချက်ကို ငြင်းပယ်လိုက်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ တုံ့ပြန်မှုတွေ ဆက်တိုက် ထွက်ပေါ်လာနေပါတယ်။

 

ပြင်သစ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် အခုလို လှုပ်ရှားလာမှုဟာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

 

News: Reuters
Ref; France wants Security Council action after Myanmar rejects UN court’s ruling