ဂျပန်နိုင်ငံက မြန်မာစစ်ဘက်အရာရှိတွေကို သင်တန်း ပေးနေတာတွေ ရပ်ဆိုင်းမယ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၁ ရက်

မြန်မာစစ်တပ်နဲ့ ပတ်သက်မှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ဂျပန်အစိုးရက လာမယ့်နှစ်မှစပြီး မြန်မာစစ်ဘက်အရာရှိတွေကို သင်တန်းပေးနေတာ ရပ်ဆိုင်းတော့မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

လာမယ့်နှစ် ဧပြီလမှာစတင်မယ့် ဘဏ္ဍာရေးနှစ်ကစပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာစစ် ဘက်အရာရှိတွေကို လက်ခံတာ ရပ်ဆိုင်းတော့မယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုကီတာကေးရှီက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး အောက်တန်း ကျတဲ့လုပ်ရပ်ဖြစ်တဲ့ ဇူလိုင်လကုန်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုကြောင့် အခုလို ဆုံးဖြတ်ရတာဖြစ်တယ်လို့ NHK သတင်းဌာန က ဖော်ပြပါတယ်။

တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အမတ်တွေက မြန်မာစစ်ဘက်အရာရှိတွေကို သင်တန်းပေးနေတာ ရပ်ဆိုင်း ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သေဒဏ်ပေးမှုနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာစစ်တပ်က လျစ်လျူရှုခဲ့တာကြောင့် မြန်မာ နိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ဖလှယ်မှုတွေ မပြုလုပ်သင့်တော့ဘူးလို့ ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တာကေးရှီက ပြောပါတယ်။

မြန်မာစစ်ဘက်အရာရှိတွေကို သင်တန်းပေးတာရပ်ဆိုင်းလိုက်တဲ့ ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကောင်း မွန်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပေမယ့် ဂျပန်နိုင်ငံမှာ လေ့ကျင့်ပေးလိုက်တဲ့ မြန်မာစစ်ဘက်အရာရှိတွေရဲ့ တာ ဝန်နေရာကို စုံစမ်းစစ်ဆေးသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဂျပန်တာဝန်ခံ တက်ပေးကာဆိုင်းက တွစ်တာလူမှုကွန်ရက်မှာ

ရေးသားထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အနောက်နိုင်ငံတွေလို ဒဏ်ခတ်အရေးယူဖို့ ဂျပန်အစိုးရကို ၄င်းက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ -စစ်အာဏာမသိမ်းမီက ဒုဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးတွေဆုံစဥ်။(လူမှုကွန်ယက်)

ကိုးကား – The Diplomat

Ref; Japan to Abandon Controversial Training Program for Myanmar Cadets