
ဂန့်ဂေါမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၆ ဦးထိမှန်ဒဏ်ရာရ
မိုင်မိုင်၊ ဧရာဝတီတိုင်းမ်
(ဂန့်ဂေါ)၊စက်တင်ဘာလ၂၁ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်းဒူရွာကို စစ်ကောင် စီရဲ့ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်က စက်တင် ဘာလ ၂၀ ရက် ယမန်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် လက် နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် စိုင်းဒူရွာ ဒေသခံ လင်မယား ၂ ဦးအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ ၉ ချက်ကျော်လောက်ပစ်တာ။ တည့်တည့်ပစ်တာလား၊ ရမ်းသမ်းပစ်တာလားတော့မသိဘူး။ ရွာထဲကို ၃ လုံးကျပြီးကွဲတာ ၆ ယောက်ထိတယ်” ဟု ဒေသ ခံအမျိုးသားတဦးကပြောသည်။
ခလရ ၅၀ စစ်ကောင်စီစစ်ကြောင်းသည် ယခုလအစောပိုင်းမှစ၍ ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာများတွင် စစ် ကြောင်းထိုးလှည့်လည်နေပြီး ဒေသခံများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ နေအိမ်များကိုမီးရှို့ခြင်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#AyeyarwaddyTimes