ပေါင်မြို့နယ် ဥတ္တံတားကျေးရွာက တက်ကြွလှုပ်ရှားသူ ၄ ဦးရဲ့ နေအိမ် ၄ လုံးချိပ်ပိတ်ခံရ

ဧရာဝတီတိုင်းမ်

(ပေါင်)၊ စက်တာင်ဘာ ၂၁ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦး၏ နေအိမ် ၄ လုံးကို စက်တင် ဘာလ ၂၀ ရက် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများနှင့်ရဲများမှ လာရောက်ချိပ်ပိတ်သွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါနေအိမ်များ၏ပိုင်ရှင်များမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်အင်အား ၂၀ ဝန်းကျင်ခန့်က ကျေးရွာအတွင်းရှာဖွေမှုများပြုလုပ်ပြီးနောက် နေအိမ်များအား ဝင်ရောက်စီးနင်းကာ ချိပ်ပိတ်သွားကြောင်းသိရသည်။

“ကား ၄ စီးနဲ့လာတာ စစ်သားတွေက၊ အိမ်ပိုင်ရှင်တွေက တော့ရှောင်တိမ်းနေရတယ်။ အဓိကကတော့သူတို့အရင်ကဖမ်းထားတဲ့သူတွေကတဆင့်မသင်္ကာတဲ့သူလိုက်ဆွဲတာပေါ့။ ပေါင်ဘက်မှာကအိမ်ချိပ်ပိတ်ရင်ဒီလိုမျိုးအကုန်စုပီးချိပ်ပိတ်လိုက်တာ။ သူတို့ဆက်စပ်တယ်လို့ထင်တဲ့သူအကုန်။ခုလဲတရွာထဲ တနေ့ထဲကို ၄ လုံးလေ”ဟု ဒေသခံ အမျိုးသားတဦးမှ

ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဩဂုတ်လအတွင်းတွင်လည်းဥတ္တံတားကျေးရွာမှ‌ နေအိမ် တလုံးအပါအဝင် ပေါင်မြို့နယ်မှနေအိမ် ၆ လုံးအား PDF များနှင့် ‌ဆက်စပ်သည်ဟုဆိုကာ ချိပ်ပိတ်ခဲ့သေးကြောင်းသိရသည်။

ဓာတ်ပုံ – ဩဂုတ်လအတွင်းချိပ်ပိတ်ခံရသော ဥတ္တံတားကျေးရွာမှ ပြည်သူတဦး၏နေအိမ်။

#AyeyarwaddyTimes