
ကလေးငယ် ၁၁ ဦး သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စာသင်ကျောင်းတိုက်ခိုက်မှုကို ကုလအတွင်းရေးမှူးချုပ် အပြင်းအထန် ရှုတ်ချ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်း မြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်း ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သောကြာနေ့မှာ လေကြောင်းပစ်ကူနဲ့အတူ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ စာသင်ကျောင်းအတွင်း ပုန်းအောင်းနေတဲ့ သောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့တာ မြန်မာစစ်တပ်က ငြင်းဆန်ခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ စာသင်ကျောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများအတွက် ဝမ်းနည်းမိတယ်လို့ အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။
“ပဋိပက္ခဖြစ်ပွားချိန်မှာတောင် စာသင်ကျောင်းတွေဟာ ကလေးငယ်တွေကို ကာကွယ်ပေးပြီး စာသင်ကြားဖို့ ဘေးအန္တရာယ်ကင်းတဲ့နေရာတစ်ခု ဖြစ်ရပါမယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာဟာ ကလေးငယ်တွေအပေါ် ကြောက်မတ်ဖွယ်ရာ ချိုးဖောက်မှုတစ်ခုဖြစ်ပါတယ်” လို့ ၄င်းက ပြောပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ လက်နက်ကိုင်ဆောင်သူတွေဟာကလေးငယ်တွေ သို့မဟုတ်အရပ်ဘက် ပစ်မှတ်တွေအပါအဝင် အရပ်သားတွေအပေါ် တိုက်ရိုက် တိုက်ခိုက်မှုမပြုလုပ်ရဘူးလို့ အန်တိုနီယိုဂူတာရက်စ် က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုအားလုံး ကျူးလွန်သူတွေဟာ တာဝန်ခံရမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့ စာသင်ကျောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ ယူနီ ဆက်က တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး ကလေးငယ်တွေကို မတိုက်ခိုက်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဓာတ်ပုံ – ဆင်ဟွာ(ပုံဟောင်း)
ကိုးကား – news.un.org
Ref; Myanmar: Guterres strongly condemns army attacks which left 11 children dead