
ဆားလင်းကြီးနယ်မှာ ပြည်သူတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဓားမဆိုင်း တပ်ဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ် (ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်၊ ငွေသာရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း မှာ လက်နက်ကြီးများဖြင့် တွေ့ရာသင်္ချ်ိုင်း ဓားမဆိုင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တို့က်ပွဲသည် စက်တင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး
စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၂ ရက်တာတိုက်ပွဲဖြစ်ပြီး ဓားမဆိုင်းတပ်ဖွဲ့မှာ လက်နက်ကြီး ၁၂၀ မမ၊ ၁၆၀ မမ တို့ဖြင့် ၂ ရက်တာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဓားမဆိုင်းတပ်ဖွဲ့ဝင်များကပြောသည်။
“စစ်ကောင်စီဘက်က ထိခိုက်မှုကျဆုံးမှုကိုတော့ လတ်တလောမသိရှ်ိရသေးပါဘူး။ မီးရှို့နေတဲ့အချိန်မှာ ပြည်သူတွေကို ကူညီပြီးပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ စက်လက်နက်တွေပြန်လည်ပစ်ခတ်လို့ ကျွန်တော်တို့ ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စွမ်းသူမောင် က
ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိအချိန်ထိ နယ်မြေအခြေအနေကြောင့် စစ်ကောင်စီဘက်က သေဆုံးမှာစရင်းကို မသိရှိသေးပဲ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိမှုမရှိခဲ့ဘူး လို့ ဓားမဆိုင်းတပ်ဖွဲ့ဝင်များက ပြောသည်။
ဒါ့ပြင် စစ်ကိုင်းတိုင်းအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ် နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
#Ayeyarwaddy_Times