ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
အီဂျစ်နိုင်ငံ၊ ဂီဇာပြည်နယ်မှာ တနင်္ဂနွေနေ့က ရထားနှစ်စင်း တိုက်မိခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဂီဇာမြို့နဲ့ ဖာယူးမ်မြို့ကြား ပြေးဆွဲနေတဲ့ ရထားတစ်စင်းဟာ အယ်လ်အာရတ်ခရိုင်မှာ အာဆွမ်းမြို့ကို ဦးတည်မောင်းနှင်နေတဲ့ ရထားရဲ့ အနောက်ပိုင်းကို တိုက်မိခဲ့တာပါ။
မတော်တဆမှုကြောင့် ရထားတွဲတွေဟာ ရထားလမ်းပေါ်ကနေ လမ်းဘေးကို တိမ်းမှောက်သွားခဲ့ပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကရိန်းယာဉ်တွေကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ပြီး ပျက်စီးသွားတဲ့ ရထားတွဲတွေကို ဖယ်ရှားခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို အနီးအနား ဆေးရုံတွေကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ လူနာတင်ယာဉ် အစင်း ၇၀ ထက်မက အသုံးပြုခဲ့ရပါတယ်။
ဒေသခံတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ ရထားဝန်ထမ်းတွေဟာ တိမ်းမှောက်နေတဲ့ ရထားတွဲတွေအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ရထားတွဲ ၆ တွဲခန့် တိမ်းမှောက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေမှာ ဦးခေါင်း ထိခိုက်ဒဏ်ရာတွေနဲ့ ခြေလက်ကျိုးပဲ့တာတွေ ပါဝင်တယ်လို့ သိရပါတယ်။
အီဂျစ်သမ္မတ အဗ္ဗဒူဖာတာအယ်လ်ဆီဆီက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အထူး စိုးရိမ်မကင်းဖြစ်မိပြီး ပေါ့ဆသူတွေကို အရေးယူနိုင်ဖို့ အမြန်ဆုံး စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရထားလမ်းကြောင်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ဖို့ အပျက်အစီးတွေကို ရှင်းလင်းရေး ဆောင်ရွက်နေပါတယ်။
News: Al Jazeera
Ref; Train crash kills seven, injures dozens near Egypt’s Cairo city