ဘန့်ဘွေးရွာမကို ထောက်ပို့လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရကာ ၂၅ သေဆုံးပြီး ရုပ်အလောင်းအပိုင်းအစများ သစ်ပင်ချိတ်ကျန်နေ (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ကို ထောက်ပို့လာသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ် မှ ၁၁ နာရီ ၁၅ မိနစ်အထိ ချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုနှင့်အတူ မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ် လို့ ချိုမိုင်မိုင်တပ်ဖွဲ့ထံက သိရပါတယ်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းမှာပါလာသည့် စစ်ကောင်စီတပ်သား ၁၆၀ ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးခဲ့တယ် လို့ ချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်များက ပြောပါတယ်။

“မနေ့က မိုင်းဆွဲအပြီး ဒီနေ့မှာ သွားကြည့်တော့ အသားစတွေသစ်ပင်မှာ ချိတ်နေတာတွေ တွေ့ရတယ်။ အင်္ကျီအစုတ်အပြတ်တွေ စစ်သားတွေအသုံးအဆောင်ပစ္စည်းတွေ တွေ့ရှိခဲ့ရတယ် ကျွန်တော်တို့ ဆွဲလိုက်တဲ့ မိုင်းအရေအတွက်ကလည်း များတယ်” လို့ ချိုမိုင်မိုင် တပ်ဖွဲ့မှရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

၎င်းတိုက်ပွဲတင် စစ်ကောင်စီဘက် က စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးခဲ့သော်လည်း ဒေသခံကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာခဲ့နိုင်တယ်လို့ ချိုမိုင်မိုင် တပ်ဖွဲ့ဝင်များက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ် နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံများရဲ့ပြောပြချက်အရ သိရပါတယ်။

ရုပ်သံ – ချိုမိုင်မိုင်တပ်ပေါင်စု

#ဘန့်ဘွေး #ထောက်ပို့ #စစ်ကောင်စီတပ် #မိုင်းဆွဲခံရ

#Ayeyarwaddy_Times