တန့်ဆည်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တပ်သတင်းပေးပိုင်ဆီဆိုင် တိုက်ခိုက်ခံရပြီး စစ်အုပ်စုက ၅ ဦးသေ ၃ ဦးဒဏ်ရာရဟုဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၀ ရက်

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲ ထားပြီး စစ်တပ်သတင်းပေးပိုင်သည့် ရွှေဒေါင်းမင်းဆီဆိုင်ကို စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း

တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။

တန့်ဆည်မြို့ လမ်းဆုံအနောက်ဘက်အထွက်တွင်ရှိသည့် ရွှေဒေါင်းမင်းဆီဆိုင်အား တန့်ဆည်(ပကဖ) တပ်ရင်း (၆) နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒီဆီဆိုင်က စစ်တပ်သတင်းပေး။ ဒါနဲ့ဆိုနှစ်ခါရှိပြီ။ သတင်းပေးလို့ နာမည်ထွက်နေတာလည်းကြာပြီ။ သူ့ဆိုင်မှာ စစ်ခွေးတွေက တပ်စွဲနေတာ။ အခုစစ်ဆင်ရေးက ၁၆ ရက်နေ့က ကျဆုံးသွားတဲ့ ရဲဘော်များအတွက် သွေးကြွေး ဆပ်ခြင်းဖြစ်ပါတယ်”ဟု တန့်ဆည်(ပကဖ) အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်မှ အုတ်ဖိုအိုင်ရွာသို့ အင်အား ၆၀ ကျော်ဖြင့် စစ်ကြောင်းဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၆ ဦးနှင့် PDF ရဲဘော် ၄ ဦးတို့ကို မီးရှိူ့သတ်ဖြတ်ခဲ့သည့်အပေါ် သွေးကြွေးဆပ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#AyeyarwaddyTimes