ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
မြန်မာ ရွေးတုသမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ခဲ့တာကြောင့် သံတမန်ရေးအရ အသာစီးရရှိခဲ့ပါတယ်။
စစ်အုပ်စုဟာ ဇန်နဝါရီလ ရွေးကောက်ပွဲရလဒ်ကို အာဆီယံက အသိအမှတ် မပြုခဲ့သလို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာကိုလည်း အကွက်ကျကျ ကျော်လွှားနိုင်ခဲ့ပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့ သံတမန်ရေး လုပ်ငန်းစဉ်တွေအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လမ်းပျောက်နေတဲ့ အခြေအနေ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမေရိကန်အစိုးရဟာ တိုကျိုမှာ မြန်မာစစ်အုပ်စုနဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလမှာ နေပြည်တော်သို့ သွားရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်း အရာရှိ မိုက်ကယ်ဗန့်စ် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဖမ်းဆီးခံ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အဒမ်ကက်စတီလို လွတ်မြောက်ရေးအတွက် နေပြည်တော်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါခရီးစဉ်ဟာ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှားသတ္တု ရရှိရေး ကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုကို အဓိက ထောက်ခံပေးနေပြီး နယ်စပ်အနီးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ဖိအားပေးခဲ့ပါတယ်။
အောက်တိုဘာလအတွင်း တရုတ် ကွန်မြူနစ်ပါတီ အရာရှိ Peng Xiubin ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ၉ ခုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ကိုင်စွဲထားပေမယ့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ထိရောက်မှု နည်းလာခဲ့ပါတယ်။
၂၀၂၇ ခုနှစ်၊ အာဆီယံ ဥက္ကဋ္ဌရာထူးကို စင်ကာပူနိုင်ငံက တာဝန်ယူရမှာဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ကို တစ်နှစ်ခန့် ဆက်လက် ပိတ်ပင်ဖွယ် ရှိပါတယ်။
၂၀၂၈ ခုနှစ်မှာ ထိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင် အခွင့်အရေးတွေကို အပြည့်အဝ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုလာနိုင်ပါတယ်။
ဩစတြေးလျအစိုးရက မြန်မာနိုင်ငံရဲ့ အခြေအနေ အပြောင်းအလဲကို အကဲခတ်ပြီး ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
ဩစတြေးလျအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုဟာ အသီးအပွင့်ရလဒ် ထွက်ပေါ်လာရေး ဖြစ်နိုင်ခြေအပေါ် လက်တွေ့ကျကျ စဉ်းစားဖို့ လိုအပ်ပါတယ်။
မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာရယူထားသရွေ့ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့ရဖို့ လုံးဝ ဖြစ်နိုင်ချေ မရှိပါဘူး။
News: The Interpreter
Ref; ASEAN is dropping the ball on Myanmar