စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်၊ဝန်ကြီးတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံထားရ
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ စက်တင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်းမှာ စစ်ကောင်စီကခန့်ထားတဲ့ တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပါအဝင် အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့ ဝန်ထမ်းတွေ အနည်းဆုံး ၃၀ နီးပါး ကိုဗစ်ကူးစက်ခံထားရတယ်လို့ အစိုးရအဖွဲ့ရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
လမ်းကြောင်းသွားတဲ့အချိန်မှာ ရောဂါကူးစက်ခံရတာဖြစ်နိုင်ပြီး စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“ အခုကအခြေအနေတော်တော်ဆိုးနေပြီး တိုင်းထွေအုပ်မင်းကြီးကတော်လည်း မနေ့ကဆုံးသွားတယ် ဝန်ကြီးချုပ်လည်း ကူးစက်ခံထားရတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဝန်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့က ဝန်ကြီးတွေရောဂါကူးစက်ခံထားရသလို တိုင်းထွေအုပ်ရုံးမှာလည်း အနည်းဆုံး ဝန်ထမ်း ၃၀ နီးပါ ရောဂါကူးစက်ခံထားရတာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ သတင်းတွေကို အပြင်မထုတ်ဘဲ ဆေးကုသတာတွေလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
#AyeyarwaddyTimes