
facebook မှာ NUG၊ CRPH၊ PDF ရဲ့စာတွေ၊ပုံတွေ၊ ဗီဒီယိုတွေကို ထောက်ခံပြီး like တခု၊ share တခု လုပ်ရင်အရေးယူမယ်လို့ဆို
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
လူသုံးများတဲ့ လူမှုကွန်ယက် facebook မှာ NUG၊ CRPH၊ PDF ရဲ့ စာတွေ၊ပုံတွေ၊ဗီဒီယိုတွေကိုထောက်ခံပြီး like နဲ့ share လုပ်တာတွေ၊ ကိုယ်တိုင်ထောက်ခံကြောင်းပို့စ်တင်ရေးသားတာတွေလုပ်ရင် ရာဇသတ်ကြီးပုဒ်မတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဇယားကွက်တွေနဲ့တကွ ပြောပါတယ်။
ဒါ့အပြင် NUG၊ CRPH၊ NUG ကိုထောက်ခံသူတွေရဲ့ စာတွေ၊ပုံတွေ၊ ဗီဒီယိုတွေကို like တခု share တခုလုပ်ရင်လည်း ဖမ်းဆီးခံရမှာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်၊ငွေဒဏ်တွေချမှတ်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် PDF တွေကို ငွေတကျပ်ဘဲလှူလှူ၊ ဘလောက်ဘဲလှူလှူ ရာဇသတ်ကြီးပုဒ်မ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ငြိစွန်းတယ်လို့ စစ်ကောင်စီပြောခွင့်ရက ခြိမ်းခြောက်ပြောဆိုပါတယ်။
စစ်ကောင်စီနဲ့ စစ်အုပ်စုထောက်ခံတဲ့ စစ်လော်ဘီတွေဟာ ဖေ့ဘွတ်လူမှုကွန်ယက်ကိုစောင့်ကြည့်နေပြီး တော်လှန် ရေးအင်အားစုတွေကို ထောက်ခံရေးသားသူတွေကို အွန်လိုင်းကနေလှုံ့ဆော်တယ်ဆိုပြီး ယခင်ထဲကဖမ်းဆီးတာတွေရှိနေတာပါ။
#AyeyarwaddyTimes