
စစ်ကောင်စီတပ်စွဲထားတဲ့ ခရမ်းမြို့ ထွေအုပ်ရုံးမှာ ဗုံးကွဲပြီး လူထိခိုက်မှုများနိုင်၊ အရေးပေါ်ယာဥ်အများအပြားဝင်ထွက်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
ရန်ကုန်တိုင်း၊ ခရမ်းမြို့၊ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေးဌာနရုံးအတွင်းမှာ ဒီကနေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
ခရမ်းမြို့ ဘုရားကြီးလမ်းမှာရှိတဲ့ ထွေအုပ်ရုံး ဗုံးပေါက် ကွဲတာကြောင့် လူထိခိုက်မှုများပြားနိုင်ပြီး အရေးပေါ်လူနာတင်ယာဥ်အများအပြား ထွေအုပ်ရုံးထဲကို ဝင်ထွက်နေတယ်လို့ဒေသခံတဥိးကပြောပါတယ်။
” အဲ့ဒီရုံးထဲမှာက ထွေအုပ်ဝန်ထမ်းတွေရော၊ တပ်စွဲထားတာရော၊ ဒလန် အုပ်ကြီးတွေရောအကုန်အစုံရှိတယ်။ ရုံးရော၊လူရော ထိခိုက်တာများတယ်ထင်တယ်၊ ခရမ်းကလူနာတင်ယာဥ်တွေရော သန်လျင်ဘက်က လူနာတင်ယာဥ်တွေပါ လာကူရတယ်” လို့ ခရမ်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်အဦ ထိခိုက်သေဆုံးမှုအခြေအနေကိုစုံစမ်းနေဆဲဖြစ်ပါတယ်။
#AyeyarwaddyTimes