စစ်ကောင်စီတပ်သား ၂ ဦး မူတြော်ခရိုင်၊ ကေအဲန်ယူ တပ်မဟာ ၅ ထံ လက်နက်ဖြင့် အလင်းဝင်ရောက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၀ ရက်

ကော်သူး‌လေ၊ မူတြော်ခရိုင်၊ အမှတ် (၅)တပ်မဟာထိန်းချုပ်နယ်‌မြေ အတွင်းသို့ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က လက်နက်အပြည့်စုံနှင့် စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

ဒါ့ပြင် စစ်ကောင်စီလက်အောက်ခံ စကခ(၈) ခမရ(၄၀၁) တပ်ဖွဲ့ဝင် ၂ ဦးဖြစ်သည့် တပ်သား သာလှ(၂၄)နှစ် နှင့် ရဲသီဟထွန်း(၂၁)နှစ်တို့သည် အမှတ်(၅)တပ်မဟာ ထိန်းချုပ်‌

နယ်မြေအတွင်းသို့ 3A-4 သေနတ်တစ်လက်နှင့်အတူ ကျည် ၁၆ တောင့်ယူဆောင် အလင်းဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ လက်နက်ချအလင်းဝင်ရောက်လာသော စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် လက်နက်ယူဆောင်လာသူ မောင်သာလှအား ငွေကျပ် ၁၅၀၀၀၀၀ တိတိနှင့် လက်နက်မပါရှိသူ တပ်သားရဲသီဟထွန်းအား ငွေကျပ် ၅၀၀၀၀၀ တိတိအား ဆုကြေးငွေချီးမြှင့်ခဲ့ကြောင်း ၎င်း တို့ထုတ်ပြန်ချက်အရသိရသည်။

#Ayeyarwaddy_Times